Pages

Subscribe:

Tuesday, January 17, 2017

စောမွန်လှ နှင့် ခဏတာ




 မြန်မာရာဇဝင်တွေထဲမှာ ထင်ရှားတဲ့ အမျိုးသမီးတွေဟာလည်း အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့တယ်ဆိုတာ အားလုံးလည်း အသိပါဘဲ မဟုတ်လားရှင်။ အဲဒီလို ကျော်ကြားထင်ရှားခဲ့တဲ့ ရှေးရာဇဝင်ထဲက အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ပြောပြဖို့ ရွေးချယ်ရမယ်ဆိုရင် ပုဂံပြည့်ရှင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်သူ ရှမ်းမင်းသမီး စောမွန်လှကို ရွေးချယ်ချင်ပါတယ်။ မိဖုရားစောမွန်လှဟာ ချောမောလှပ စိတ်ထားကောင်းကာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး သာသနာပြုဖို့အတွက် စေတီပုထိုးများကို သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒန်းခဲ့သူ အဖြစ်ရာဇဝင်မှာ ထင်ရှားခဲ့ပါတယ်။ စောမွန်လှရဲ့ မွေးရပ်ဌာနေဟာ မောရှမ်းတို့ရဲ့ တောင်တန်းမြေက စယ်လန့်ဆိုတဲ့ ရွာကလေးဖြစ်ပါတယ်။ အချို့က ရှမ်းမင်းသမီး စောမွန်လှဟာ မိုးကောင်းစော်ဘွားကြီးရဲ့ သမီးလို့ ပြောဆိုကြပါတယ်။ သို့သော် စောမွန်လှရဲ့ မူလဇာတိဒေသဟာ ရှမ်းတောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်မဲ့ မောတို့ရဲ့ ဒေသ စယ်လန့်က ဖြစ်ပါတယ်။
စောမွန်လှဟာ ရှမ်းပြည်နယ်သူ စယ်လန့်ဇာတိဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထားများ ယနေ့တိုင် ရှိနေသေးတာကို စယ်လန့်ကို ရောက်ဖူးခဲ့ရင် တွေ့ရှိရမှာဖြစ်ပါတယ်။ စယ်လန့်ရွာဟာ ရှမ်းပြည်နယ်က မူဆယ်မြို့နဲ့ နမ်းခမ့်မြို့အကြားမှာ တည်ရှိနေတဲ့ရွာဖြစ်ပြီး စယ်လန့်သူတွေဟာ အင်မတန် ချောမောလှပတယ်လို့ ခုချိန်ထိလည်း နာမည်ကြီးပါတယ်။ ဒီအဆိုစကား မှန်မမှန် ပုဂံရာဇဝင်ကို နောက်ပြန်လှန်လို့ ကြည့်ကြမယ်ဆိုရင် အသားအရေ ဖြူစင်ဝင်းနှစ်ပြီး ပါးအို့လေးများ နီစွေးနေတဲ့ မောပျိုဖြူ မင်းသမီးလေးကို အနော်ရထာမင်းက တော်ကောက် သိမ်းပိုက်ခဲ့တာဟာဖြင့် ရှမ်းမင်းသမီးလေးရဲ့ လှပချောမောမှုက ထိပ်ဆုံးကပါဝင်ပါလိမ့်မယ်။ ရှမ်းမင်းသမီးလေး စောမွန်လှနဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းတို့ရဲ့ မေတ္တာဇတ်လမ်းလေးကို နောက်ပြန်လို့ သွားကြည့်ကြရအောင်လားရှင်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ခရစ်သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှမ်းလူမျိုးတို့ဟာ ရွှေလီမြစ်ဝှမ်း တစ်လျှောက်မှာ တိုင်းပြည်တည်ထောင်ပြီး ရှမ်းစော်ဘွားများက စိုးမိုးအုပ်ချုပ်နေခဲ့ပြီ ဖြစ်ပါတယ်။  ရှမ်းတို့ရဲ့ တိုင်းပြည်တည်ထောင်ချိန်ဟာ ပုဂံနေပြည်တော်ကြီးကို တည်ထောင်ချိန်နဲ့ တစ်ပြိုင်တည်း ကျတယ်လို့ ဆရာကြီး ဘီအေဦးဘသန်း ရေးသားပြုစုတဲ့ မြန်မာရာဇဝင်ကျမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မြန်မာသက္ကရာဇ် ၃၀၀ကျော်ခန့်အချိန်ဟာ မောရှမ်းတို့ရဲ့ ပြည်နယ်ကိုးခုကို အုပ်ချုပ်တဲ့ ရှမ်းစော်ဘွားကြီး စဝ်ဆေခန်ဖဟာ စယ်လန့်လို့ ယခုတိုင်ခေါ်ဆိုဆဲဖြစ်တဲ့ ဒေသမှာ ထီးနန်းစိုက်ကာ စိုးစံနေတဲ့အချိန် ဖြစ်ပါတယ်။ စော်ဘွားကြီး စဝ်ဆေခန်ဖ နတ်ရွာစံပြီး နောက်မှာတော့ သားတော်ဖြစ်သူ စဝ်ဆေဟုံဖက ဆက်လက်အုပ်ချုပ်ပါတယ်။ စော်ဘွားကြီး စဝ်စေဟုံဖနဲ့ မိဖုရား အဂ္ဂမဟေသီဒေဝီတို့ကနေ သက္ကရာဇ် ၃၉၅မှာ သမီးတော်လေး စောမွန်လှကို မွေးဖွားခဲ့ပါတယ်။

၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို  စိုးစံတော်မူတဲ့ အနော်ရထာမင်းဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး  မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို  ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နေပြည်တော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချနေပါတယ်။ အဲဒီလို စခန်းချ နားနေစဉ်မှာ ရှမ်းတို့ရဲ့ ဥသျှောင် စယ်လန့်စော်ဘွား စဝ်ဆေဟုံဖနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြပါတယ်။ ဘုရင် မင်းဧကရာဇ်များရဲ့ထုံးစံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဍာ ပေးဆက်ကြရိုး ထုံးစံရှိကြရာ ရှမ်းမင်းသမီးလေး စောမွန်လှဟာလည်း ပဏ္ဍာ ဆက်ခံရတဲ့မင်းသမီး ဖြစ်လာပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် လက်ထပ်သိမ်းမြန်းလို့ ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။
 အောက်ကလင့် လေးကို နှိပ်ပြီးဆက်ဖတ်ပါ
http://kauthotaw.blogspot.com/2015/02/blog-post_25.html

မနူဟာမင်းကြီး တည်ထားခဲ့ မနူဟာဘုရား






မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း (မကုတ) တည်ခဲ့သော ဘုရားဖြစ်သည်။ မြင်းကပါ အရပ်တွင်တည်ထားသည်။ ဘုရားဂူအတွင်း၌ ရှေ့ ဘက်တွင် ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်တွင် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမား တော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာ အပြည့် ဖြစ်နေကြသည်။

ဆင်းတုတော်ကြီးများသည် မလှုပ်သာ မှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့  မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။

သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည် ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ၀တ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။


မနူဟာမင်းကြီးသည် ဘုန်းတန်ခိုး အာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်ပြောင် အရောင်ထွက် တတ်၏ အနော်ရထာသည် စိုးရိမ်ကြောက်လန့ှ်ု မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ " ဖြစ်လေရာ ဘ၀၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ " နောက်မကြာမီ မနူဟာမင်း နှင့်မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေသည်ဟုဆိုသည်။

Friday, January 6, 2017

မင်း ဘာကိုမစောင့် နိုင်တာလဲ...



ဒီလောကမှာ
မင်းအမြဲနိုင်နေရင်
စည်းအပြင်ဘက်ကလူ ဖြစ်သွားမှာပေါ့ .........။

မင်း အမြဲရှုံးနေရင်လည်း
ပြန်သုံးသပ်........မပြိုင်နဲ့ ဦး
အမုန်းတွေ ချည်နှောင်မထားပါနဲ့ 
အထုံးတွေဖြေ
မင်း တုံးသေးလို့ ဖြစ်တဲ့ ကိစ္စ
ဆက်သင်လိုက်ဦး.....။

အနိုင်နဲ့ အရှုံးဟာ
နေ့ နဲ့ ညလိုပါပဲ
မင်း ဘာကိုခံပြင်းနေလဲ.....။

နေ့ ပြီးရင် ညလာမယ်
ညပြီးရင် နေ့ လာမယ်
ဒါပဲလေ လောက
မင်း ဘာကို မစောင့် နိုင်တာလဲ.............။ ။

ဦးကောဝိဒ (၀စီပိတ်ဆရာတော်)

ဇလုံတောင်ဘုရား နှင့် ဘုရားသမိုင်း




တည်နေရာ
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်သည်။ တောတောင် လျှိုမြောင်များ နက်ရှိုင်း လှသည်။
■ဘုရားသမိုင်း
ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်းသော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှ ဇလုံ တောင်တော်သို့ ကြွလာခဲ့သည်။ ဇလုံတောင် ခေါ် ဂေါဒေါပလ္လင် တောင်တော်သည် အရှေ့ ဧရာဝတီ၊ အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟို တွင် တည်ရှိသည်။ ဂေါဒေါပလ္လင် တောင်တော်တွင် ဧရာပထ နတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထား မှုကြောင့် ခုနစ်ရက် သီတင်းသုံးကာ နဂါးမင်းသား အဖ လှူဒါန်းသော ဆွမ်းကိုဘုဉ်းပေး သုံးဆောင်ခဲ့သည်။