ဒီလောကမှာ
မင်းအမြဲနိုင်နေရင်
စည်းအပြင်ဘက်ကလူ ဖြစ်သွားမှာပေါ့ .........။
မင်း အမြဲရှုံးနေရင်လည်း
ပြန်သုံးသပ်........မပြိုင်နဲ့ ဦး
အမုန်းတွေ ချည်နှောင်မထားပါနဲ့ 
အထုံးတွေဖြေ
မင်း တုံးသေးလို့ ဖြစ်တဲ့ ကိစ္စ
ဆက်သင်လိုက်ဦး.....။
အနိုင်နဲ့ အရှုံးဟာ
နေ့ နဲ့ ညလိုပါပဲ
မင်း ဘာကိုခံပြင်းနေလဲ.....။
နေ့ ပြီးရင် ညလာမယ်
ညပြီးရင် နေ့ လာမယ်
ဒါပဲလေ လောက
မင်း ဘာကို မစောင့် နိုင်တာလဲ.............။ ။
ဦးကောဝိဒ (၀စီပိတ်ဆရာတော်)
0 comments:
Post a Comment