Pages

Subscribe:

Friday, August 5, 2016

ဘ၀ အတွက် အတွေး ကဗျာ

မလိုလားဘူး ဆိုတာ
မလိုအပ်လို့  မလားစေချင်တာလား

ဘာပဲဖြစ်ဖြစ်
ငြင်းပယ်လို့  အခွင့် မသာတဲ့ အခါ
သင်လက်ခံရမှာ....

အဝေးပြေး ဘတ်စ်ကားကြီးပေါ်က သီချင်းသံ
သင်ကြိုက်ချင်မှ ကြိုက်လိမ့် မယ်
သင်သိလား
အဲ့ ဒီသီချင်းသံက
ဒရိုင်ဘာရဲ့  ခံစားချက်
ဒါမှမဟုတ် စပယ်ယာ ရဲ့  ခံစားချက်ပါပဲ....

ရထားစီးနေတဲ့ သူအဖို့ 
ရထား ဥသြဆွဲသံ မကြားချင်လို့ မရဘူး....

ဒီတော့ ...
လူ့ လောကထဲ အနေမြဲဖို့ က
ဘယ်အရာကိုမဆို
ရေလိုက် ငါးလိုက်လေး
အပြုသဘောဆောင်ဖို့  လိုမယ်ထင်တယ်။            ။

                                                 မေတ္တာဖြင့် 
                                                 စိုင်းခွန်းနော် ( မေတ္တာနယ်မြေ )

0 comments:

Post a Comment